ရက်စက်မှုတွေ…
လူမဆန်မှုတွေ…
မိုက်ရူးရဲဆန်မှုတွေ…
သွေးစက်တွေ …
ထိုနေ့မှာ…။
မျက်ရည်များစွာ…
ဆုံးရှုံးမှုများစွာ….
မိုးဖွဲတွေကြားမှာ…..
(၀မ်းနည်း) ကြေကွဲမှုများစွာ…
ထိုနေ့မှာ….။
ယနေ့ ကျုပ်တို့တတွေ..
ထိုနေ့က သူတို့တတွေ…
ရင်ထဲမှာလေ…
ကွာခြားမှု……။
ယနေ့..
မေ့မေ့လျော့လျော့
အတွေး ဖျော့ဖျော့ ခပ်ပေါ့ပေါ့..
လျှော့တိလျှော့ရဲ ဆန်ဆန်
အတိတ်မေ့သလိုလို
သမိုင်းကို ချောင်ထိုးထည့်
ခေတ်ပျက်မှာ မင်းမူ
မင်းလိုလူ…..
ယနေ့….. ယနေ့ထိ
( အကယ်၍သာ )
သူရှိနေဦးမယ် ဆိုရင်ပေါ့လေ….
ငါတို့ ခေတ်…ငါတို့ ကာလ
ငါတို့ရှေ့ရေး…ငါတို့ နောင်ရေး….
ငါတို့ ဘ၀………………။
အချစ်မဲ့ဂစ်တာ


မရှိလို့ပေါ့…ရှိရင် ဒီလိုဖြစ်မလား…
အနာဟောင်းကို လာလာစွနေတယ်…
အော်လိုက်မှာနော်…“…”“…”လို့…
ကဗျာကောင်းလေး ခံစားဖတ်သွားတယ် ..။
ခင်ခင်မင်မင်
idulize(အရုပ်ကလေး)
ယနေ့….. ယနေ့ထိ
( အကယ်၍သာ )
သူရှိနေဦးမယ် ဆိုရင်ပေါ့လေ….
ငါတို့ ခေတ်… ငါတို့ ကာလ
ငါတို့ရှေ့ရေး… ငါတို့ နောင်ရေး….
ငါတို့ ဘ၀………………။
ငြိမ်းအေးနေမှာ အမှန်ပါပဲ။