အတွေးပေါ်မှ အတွေးများ

အတွေးများဆီသို့..။



တွေးခဲ့ ပြီးသော

အတွေးများစွာ


   





trading forex Flash Counters

ကဗျာလွယ်အိတ်သို့

ညီလေး…
မင်းဘာလုပ်မှာလဲ
ဒီလိုပဲရပ်နေမှာလား
ရပ်နေရင်တော့ မင်းရှုံးပြီပေါ့
လုံးဝမရပ်နဲ့
“အ” ရာကျမယ်

ညီလေး…
သစ်ပင်တွေတောင်
မြင့်လေ လေတိုက်ခံရလေပဲ
ခံနိုင်ရည်ရှိအောင်ကြိုးစား
မခံနိုင်ရင်တော့
“ညံ့” ရာကျမယ်

ညီလေး…
ပတ်ဝန်းကျင်ဆိုတာကတော့
ကောင်းကောင်းဆိုးဆိုး ပြောနေမှာပဲ
အဲဒါတွေကိုသာ လိုက်ပြီးအာရုံများနေရင်
မင်းရဲ့ ပန်းတိုင်က ဝေးသွားပြီ
အောင်မြင်မှုဆိုတာ လက်တစ်ကမ်းမှာကွ

ဒါကြောင့်
ဘာပဲဖြစ်ဖြစ် မရပ်နဲ့
ဆက်လျှောက်… ဆက်လျှောက်….

 

 

ပိတောက်နဲ့ ချယ်ရီ

၎ နှစ်လောက် ကြာမှ
ပြန်တွေ့ခွင့်ရတော့မယ့်
ပိတောက်ပွင့်တွေ
အချိန်အတော်ကြာ ဝေးနေခဲ့ပြီး
ခုမှ ပြန်ဆုံရမယ်ဆိုတော့
ရင်ခုန်မိပါရဲ့…..

နောက်တော့
မခွဲချင်ပေမယ့်လဲ ခွဲခွာခဲ့ရတဲ့
တောင်ပေါ်ချယ်ရီနဲ့ တောင်နေကြာတွေ
သူတို့နဲ့တော့
ဘယ်တော့များမှ ပြန်ဆုံနိုင်ပါ့မလဲ….

အချစ်ဆိုတာ

အချစ်တဲ့…
အချစ်ဆိုတာ ဘာလဲ?

ပြောကြတာတော့ ကြားဖူးတယ်
“အ” လို့ချစ်တာ တဲ့..

ဒီလိုဆိုရင်
ငါက “အ” နေတာပါလား….

ဒါဆို
သူရော..သူ
သူဘယ်လိုရှိပါလိမ့်..
စဉ်းစား စဉ်းစား

ဟာ…
သူက မ “အ” ဘူးဟ

ကိုယ် “အ” တော့ ကိုယ်ခံပေါ့…..

Newton in romantic mood……

Universal law:

“Love can neither be created nor be destroyed; only it can transfer
from
One girlfriend to another girlfriend with some loss of money ”

First law:

“A boy in love with a girl, continue to be in love with her and a girl
in love with a boy, continue to be in love with him, until or unless
any external [...]

သံယောဇဉ်….

ကလေးရေ…
အရင်တုန်းက ကြားဖူးတယ်
သံယောဇဉ်ဆိုတာ ဖြတ်ရခက်တယ်တဲ့ …..

သံယောဇဉ်….
သံယောဇဉ်….
တစ်ရစ်ပြီးတစ်ရစ် ရစ်ပတ်နေခဲ့တာ
ငါမသိလိုက်ဘူး
သိလိုက်ရတဲ့ အချိန်မှာတော့
ငါဟာ….
ငါဟာ…..

ကလေးရေ….
မင်းငါ့ကို မလွမ်းရင်ရပါတယ်
ငါတစ်ယောက်ပဲ လွမ်းပါ့မယ်…

အိပ်ဆေးတိုက်ပြီး သိပ်ထားတဲ့
ငါ့ နှလုံးသားကို မင်း
လာလှုပ်နိုးခဲ့တယ်လေ….

ခုတော့..
ခုတော့…
ဘယ်လိုထိန်းရပါ့မလဲ

ကလေးရေ…
မင်းငါ့ကို မချစ်တော့ရင်လည်း ရပါတယ်
ငါတစ်ယောက်ပဲ မင်းကို ချစ်ပါ့မယ်..

နောက်ဆုံး…
မသိဟန်ဆောင် ထွက်ပြေးတော့လဲ
ငါ့ ကုသိုလ်ကံပေါ့…………

သို့….

သို့
အေးကြည်မ

ငါစာရေးလိုက်ပါတယ်..ရွာကိုပြန်ရောက်တော့ နင့်ကို အရမ်းသတိရတာပဲ သိလား… နင်က မြို့ကိုရောက်တော့ လွတ်ပြီးကိုလှသွားလိုက်တာနော်… နင်သူငယ်ချင်းဘုတ်ဆုံနဲ့ ရွှေမိတို့ကလည်း ငါပြန်ရောက်တာနဲ့ နင့်အကြောင်းမေးလိုက်ကြတာ… သူတို့ကလည်း နင့်ကို တော်တော်သံယောဇဉ်ရှိရှာတာဟ.. ရွှေမိဆို မျက်ရည်လေး ကလည်ကလည်နဲ့….နင့်ကိုဆီကို လာလည်ချင်တယ်လို့ပြောတယ်ဟ….ကြီးတော်သောင်းက မလွှတ်လို့တဲ့…ရွာဦးက ဘုန်းဘုန်းကတောင်မေးနေသေးတယ်..

ဟဲ့..ဒါနဲ့ အေးကြည်မရဲ့…
ဘလချာတိုင်းလား ဘာတိုင်းလဲဟာ …နင်တို့ပြောတဲ့ အဲဒီနေ့တုန်းက နင်လိုက်ပို့တဲ့ အဲဒီပန်းခြံကြီးက အကျယ်ကြီးပဲနော်…..လူတွေစီးနေကြတဲ့ ဟိုးအမြင့်ကြီးကိုတက်သွားပြီး ပြန်ပြန်ကျလာတဲ့ အ၀ိုင်းကြီးကလည်း အကြီးကြီးပဲ..ငါဖြင့် အဲလောက်ကြီးတဲ့ (ရွာဘုရားပွဲတွေမှာ ကလေးတွေစီးတဲ့ ချားကြီးကိုထောင်ထားတဲ့) ချားထောင်ကြီးကို မြင်ဖူးပေါင်…အဲဒီပန်းခြံရှေ့က ဘုန်းကြီးကျောင်းလိုလို.. ဘုရားလိုလိုအဆောက်အဦးကြီးကလည်း ကြီးမှကြီး…အဲလောက်ကျယ်တဲ့ ဧကကြီးမှာ လယ်စိုက်လိုက်ရရင်ဖြင့် သီးနှံတွေထွက်လိုက်မယ့် ဖြစ်ခြင်း…နှမြောစရာကြီးဟာ ..နော်..

နောက် တိရိစ္ဆာန်ရုံသွားတဲ့နေ့တုန်းကိုလည်း သတိရလိုက်တာ… နင့်တီးကောက်ကြီးကိုကိုင်ပြီး ကော်ဖီဆိုင်က အထွက်လေ..လူတွေကလည်းရှုပ်တော့ ကုလားထိုင်ခြေထောက်နဲ့ [...]

အတွေး

နေပူပူ
ထီးတစ်လက်
လူနှစ်ယောက်
ရည်းစားလိုလို မောင်နှမလိုလို
အပြုံးကိုယ်စီနဲ့ ပတ်ဝန်းကျင်ကိုမေ့လျှော့
သွားနေကြတယ်…သွားနေကြတယ်

သူတို့ဦးတည်ချက်က ဘာလဲ..?
ချစ်သူတွေအဖြစ် ပေါင်းစည်းနိုင်ဖို့လား…?
ဝေးသွားကြမှာလား….?
မရေရာ…..
မောင်ရင်းနှမလိုပဲ နေသွားကြမှာလား…..
မရေရာ…..

တကယ်လို့များ
မရေရာမှုတွေနဲ့ပဲ အဆုံးသတ်သွားကြရင်…..
….စိုးရိမ်မိပါရဲ့ …..