အတွေးပေါ်မှ အတွေးများ

အတွေးများဆီသို့..။



တွေးခဲ့ ပြီးသော

အတွေးများစွာ


   





trading forex Flash Counters

အချစ်ဇယား

ဒီတစ်ယောက်က အချစ်ဦးမို့
တစ်သက်မမေ့နိုင်ဖြစ်ရသ်ည။

ဒုတိယတစ်ယောက်က ချစ်စရာလေးမို့
ဆက်ချစ်သွားဖို့ ဆုံးဖြတ်သည်။

ဟောဒီတစ်ယောက်က အပျံစားလေးမို့
လူတွေအားကျအောင် တွဲလိုက်မည်။

ဒီတစ်ယောက်ကျတော့ အပြုံးချိုလေးမို့
သူ့နှုတ်ခမ်းလေးကို စွဲလမ်းသည်။

အဲဒီတစ်ယောက်က တိုင်းရင်းသူလေးမို့
အသံဝဲလေးကို ချစ်မိသည်။

စေ့စပ်ထားတဲ့ ကောင်မလေးက
အိနြေ္ဒရင်လေးမို့ လက်မလွှတ်ချင်အောင် ဖြစ်ရသည်။

အထက်ပါ ခြောက်ယောက် ရက်တွေပြည့်နေလို့
တနင်္ဂနွေ ပိုသေးသည်။

စိတ်ဝင်စားလျှင် လျှောက်လွှာတင်ပါ
တနင်္ဂနွေအားသူ ဖြစ်ရမည်။

သီချင်းများရဲ့ ဒဏ္ဍာရီ

သေပြီဆရာ လို့ မပြောတော့ပါဘူး
တမ်းတမ်းတတ  ချစ်ခဲ့လို့
အမုန်းမြို့ရိုးများ  ဘေးမှာ
တောဂေါ်လီ လိုနေပြီး
အလွမ်းနေ့ရက်ရှည် များစွာကို
မမေ့နိုင်ဘူး ပေါ့…
ဒီဇင်ဘာည တွေမှာ
မုန်းလို့မရတဲ့ ချစ်သူတွေ အဖြစ် ရှိခဲ့ပေမယ့်
ကျိန်စာ တွေကြောင့်လား
တစိမ်းတွေလိုနေလိုက်မယ် တဲ့
ဝမ်းနည်းမှတ်တမ်း ရဲ့
အစိမ်းရောင်ရက်စွဲများ မှာ
ဒုက္ခရောက်သော နှလုံးသား နဲ့
ကြယ်တွေကြွေသွားသည့် တိုင်အောင်
အလွမ်းနဲ့ ရေးတဲ့ သီချင်း ကို
ရင်ဖွင့်ပြချင်တယ်
ကြေကွဲစရာ ပဲပေါ့
ဟက်ပီးဘတ်ဒေး မှာ
နှုတ်ဆက်ထွက်ခွာသ တစ်ယောက်ကို
နုတ်ဆက်ချိန်လေး တောင်
မရှိတော့ဘူး …

ကျွန်တော့် စိတ်ကူးအိမ်မက်များ

ဒီစာလေးကို တွေ့ထားတာတော့ ကြာပြီဗျ. .. ခုမှ စိတ်ကူးလေးရလာလို့ သူငယ်ချင်းတွေအားလုံးအတွက် တင်ပေးလိုက်တယ်နော်…..

ကျွန်တော့် စိတ်ကူးအိမ်မက်များ

ကျွန်တော် မိန်းမယူချင်နေတာ ကြာပြီဗျ။ စိတ်ကြိုက်ဖြစ်မယ့် မိန်းမတစ်ယောက်ကိုတော့ ယူမယ်လို့ ဆုံးဖြတ်ထားတယ်။
ကျွန်တော့်ရဲ့ တောင်းဆိုချက်တွေကတော့ သာမန်ပါပဲ။ ဖတ်ကြည့်ပါဦး…

(၁)  ကျွန်တော်ယူမယ့် မိန်းမက လူတကာကိုဆွဲဆောင်နိုင်တဲ့ အလှဘုရင်မ ဖြစ်စရာမလိုပါဘူး။ ကိုယ်လုံးသေးသေးသွယ်သွယ်နဲ့ ချစ်စရာကောင်းရင်
တော်ပါပြီ။ ကျွန်တော် ရယ်စရာပြောရင်လိုက်ရယ်တတ်ရမယ်။

(၂) ကျွန်တော်ယူမယ့် မိန်းမရဲ့အိမ် ဘယ်လိုပုံစံရှိတယ်ဆိုတာကိုလည်း စိတ်မ၀င်စားပါဘူး။ အိမ်ကျယ်ရင် ပြီးရော။

(၃) မင်္ဂလာဆောင်မယ်ဆိုရင် ကုန်ကျစရိတ်ကို တစ်ဝက်စီကျခံမယ်။ ကျွန်တော်ယူမယ့် မိန်းမကတစ်ဝက် သူ့မိဘတွေက တစ်ဝက်။

(၄) အသွင်မတူရင် အိမ်တူမဖြစ်ဘူးဆိုတာကို ကျွန်တော်နားလည်တယ်။ ဒါကြောင့် လက်ထပ်ပြီးတဲ့ အခါ စိတ်တူကိုယ်တူဖြစ်အောင်လုပ်မယ်။ ဆိုကြပါစို့ [...]

ဘူးသီးဖီလင်

ဘူးသီးဖီလင် ဆိုတာ ကျိုက်ထီးရိုးတောင် ခြေလျှင်တောင်တက်လမ်းက ဘူးသီးကြော်ဆိုင်လေးပေါ့…
ဒီနှစ် ဧပြီ ၁၁ ရက် သင်္ကြန်မတိုင်ခင်က ရောက်သွားတဲ့ကျိုက်ထီးရိုး အမှတ်တရလေးပါပဲ သူငယ်ချင်းတို့ရေ… အဲဒီနေ့က ကျွန်တော်တို့ သူငယ်ချင်းတွေနဲ့ ကျွန်တော့် အကိုတစ်ယောက်နဲ့ အားလုံး စုပြီးတက်ကြတာလေ…အရမ်းပျော်ဖို့ကောင်းတဲ့ ခရီးလေးတစ်ခုပါပဲ…ကျွန်တော်တို့ အဖွဲ့လည်း မနက် ၁၀ နာရီခွဲလောက်ကစပြီး တောင်ပေါ်စပြီး တောင်ပေါ်စတက်ကြတယ်လေ ….တောင်တက်လမ်းမှာလည်း ပုဇဉ်းရင်ကွဲ အော်သံတွေနဲ့ ငှက်ပေါင်းစုံတို့ရဲ့ အသံတွေနဲ့ အတော်သာယာတယ်ဗျာ..
ဒီလိုနဲ့ ကျွန်တော်တို့ တက်လာရင်းနဲ့ အကိုက ပြောတယ် “ဘူးသီးဖီလင်” ကို ရောက်အောင်တက်နှင့် အဲဒီမှာ ငါ့ ညီတစ်ဝမ်းကွဲရှိတယ်” ဆိုပြီးတော့ သူက ဖြေးဖြေးတက်လာတယ်လေ..ဒါနဲ့ ကျွန်တော်တို့လည်း တက်ရင်းနဲ့ ဘူးသီးဖီလင်ဆိုတဲ့ ဆိုင်ကို [...]

ပိတောက်ပင်ဘဝ

 

ညက မိုးရွာခဲ့တယ်
မနက် ပိတောက်တွေပွင့်သွားတယ်

မျှော်နေကြသူတွေ
လွမ်းနေကြသူတွေ
ပျော်နေကြတယ်

ပိတောက်ပင်ကြီးလည်း
မီးကုန်ယမ်းကုန်
ပွင့်ပေးရကျိုးနပ်
ရနံ့တွေနဲ့
ပတ်ဝန်းကျင်ကို ခြုံလွမ်းပေး
ပီတိတွေနဲ့ပေါ့

ဒါပေမယ့်
လူတွေလူတွေ
နှိပ်စက်လိုက်ကြတာ

သိပ်မကြာခင်မှာပဲ
ပိတောက်ပင်ကြီးဟာ
ဒဏ်ရာဒဏ်ချက်များစွာနဲ့
မျက်ရည်တွေစီးကျလို့
နောက်တစ်နှစ်အတွက်
အားပြန်မွေးရဦးမယ်…။