အတွေးပေါ်မှ အတွေးများ

အတွေးများဆီသို့..။



တွေးခဲ့ ပြီးသော

အတွေးများစွာ


   





trading forex Flash Counters

စိတ်

ဟိုး ငယ်စဉ်ဘ၀ကတည်းက
လိုချင်တာကို မရခဲ့ဖူးတဲ့ ငါဟာ
ခုချိန်ထိ
ဖြစ်ချင်တာတွေ ဖြစ်ခွင့်မရသေးပါလား

သက်ပြင်းတွေ ချရင်း
အသံမြည်နေတဲ့ ငါ့ရဲ့ ဗိုက်ကို
နှစ်သိမ့်နေလေရဲ့

နောက်ဆုံးတော့လည်း
လိုချင်တပ်မက်တတ်လွန်းတဲ့ ငါ့ရဲ့စိတ်ကို
ငါ့ကိုယ်တိုင် သေမိန့်ပေးလိုက်တယ်
ကဲ မှတ်ပလား !!!!!

”မင်း” ပဲကောင်း

နောင်တ တရား  နောင်မှထား၍
အပျက်ပျက်နဲ့ နှာခေါင်းသွေးထွက်မှ
ကိုယ့်ဇာတ်ထုတ်  ကိုယ်မသိမ်းနိုင်ပဲ
လူတကာမဲချ  လူယုတ်ဇာတ်အား
ခင်းကာကျင်းပြ   ချိန်ဆွဲဆန့် ပြီး
လူတကာအသက်ထက်  သူ့အသက်သာ
ခြုံကာငုံဝန်း   ဆုံပြန်တွန်းတော့
သြော် …..  ” မင်းပဲကောင်းတယ်ပေါ့ ”

နိုင်မြန်မာ

ကျွန်တော့်ရဲ့ အကိုကြီးတစ်ယောက် ပို့ပေးလိုက်သော ကဗျာလေးပါ…. အကိုရေ.. ကျေနပ်ပါလေစွ။

ဗုံး

“ဗုံး.. ဗုံး …”
ဗုံးဆိုသော အသံကြောင့် ကျွန်တော် ပတ်ဝန်းကျင်ကို ဝေ့ကြည့်လိုက်မိသည်။ ကျွန်တော်ရှိနေတဲ့ နေရာနဲ့ မလှမ်းမကမ်းမှာ လူတွေ စုရုံစုရုံးဖြစ်နေသည်။ ကျွန်တော်ရောက်နေတဲ့ နေရာက ၃၇ လမ်းနဲ့ အနော်ရထာလမ်းထောင့်နားမှာ ဖြစ်သည်။ ” ဘတ်စ်ကားတစ်စီးပေါ်ကနေ ပစ်ချသွားတာတွေ့လိုက်တယ် ” လို့အစအဆုံးမြင်လိုက်သော လူတစ်ယောက်က ပြောပြနေတာ ကြားရသည်။ ” ရဲကိုလည်း ဖုန်းဆက်ထားပြီးပြီ ” ဟုလည်း တစ်ယောက်ကပြောသည်။ ဒါနဲ့ ကျွန်တော် လှမ်းကြည့်လိုက်တော့ ဗုံး ဆိုသော အရာလေးမှာ မြောင်းကြားထဲမှ ရေထဲတွင် အနီရောင် အစက်လေးက မှိတ်တုတ်မှိတ်တုတ်နဲ့ လင်းနေသည်။ လူတွေကလည်းအတော်စိတ်ဝင်စားနေကြသည်။ ကျွန်တော်ကတော့ အဲဒီ ဗုံးဆိုတဲ့ နေရာနဲ့ နဲနဲဝေးတဲ့နေရာကို ပြောင်းနေလိုက်တယ်။ ဟုတ်သည်လေ။ တော်ကြာ [...]

ကြုံခဲ့ရ ညများ

ညတစ်ည
အဲဒီညမှာ ကျွန်တော် ပြေးလွားနေတယ်။ မျက်လုံးကလည်း အငြိမ်မနေ၊ တောင်ရှာမြောက်ရှာနဲ့ ဂဏှာမငြိမ်ဖြစ်နေတယ်။ ကျွန်တော်ရှာနေတာကို လုံးဝမတွေ့ဘူး။ အခန်းတွေကလည်း အများကြီး၊ ပတ်ဝန်းကျင်ကလည်း တိတ်ဆိတ်ပြီး ကျွန်တော်တစ်ခါမှ မရောက်ဖူးတဲ့ နေရာတစ်ခု။ ကျွန်တော် တစ်ခန်းပြီးတစ်ခန်း လိုက်ဖွင့်နေတယ်။ ရေချိုးခန်းတွေ၊ အိပ်ခန်းတွေ၊ စာကြည့်ခန်းတွေ၊ မီးဖိုခန်းတွေ။ ကျွန်တော်ရှာနေတဲ့ အခန်းက ဘယ်ပျောက်နေပါလိမ့်။ အမြန်ရှာတွေ့မှကို ဖြစ်မယ်။ ဒီအတိုင်းဆိုရင်တော့ မလွယ်၊ ဒုက္ခတွေများကုန်တော့မယ် လို့ စိတ်ထဲမှာတွေးနေမိတယ်။ ရှာစမ်း၊ ရှာစမ်း၊ တွေ့အောင်ရှာစမ်း။ ကိုယ့်ကိုကိုယ် အားပေးစကားပြောနေတယ်။ စိတ်ကိုလည်း အတော်ထိန်းထားနေရတယ်။ လျှော့ပစ်လိုက်လို့မဖြစ်။ ဘယ်လိုမှမဖြစ်။ ကော်ရစ်တာတွေကလည်း အများကြီး။ တွေ့သမျှအခန်းတွေကို အကုန်လုံးလိုက်ဖွင့်ရှာနေတယ်။ မဟုတ်။ ကျွန်တော်ရှာနေတဲ့ အခန်းမဟုတ်။

အချိန်ကြာလာတာနဲ့ အမျှ လူကလည်း အတော်မောဟိုက်လာပြီ။ ချွေးစေးတွေတောင် [...]

ဖြစ်စဉ်

သူတို့
ဝင်လာကြတယ်
ပြန်ထွက်သွားကြတယ်

တစ်ခုခုပေါ့
ကျန်ခဲ့တာ ရှိမယ်
အတူပျောက်ကွယ်သွားတာ ရှိမယ်

နောက်ဆုံးတော့

ငါတစ်ယောက်ထဲ
လျှောက်ရမှာပါလား …။

ပြီးခဲ့သော စက်တင်ဘာသို့

၂၀၀၇ ခုနှစ် စက်တင်ဘာလအတွင်း ဖြစ်ပွားခဲ့တဲ့ ရွှေဝါရောင်တော်လှန်ရေး ဆိုတဲ့ သံဃာတော်များ ဦးဆောင်ခဲ့သော အရေးအခင်းကြီးဟာ ယခုလဆိုရင် တစ်နှစ် တင်းတင်းပြည့်ခဲ့ပါပြီ…။ ထိုတော်လှန်ရေးကြီးတွင် သံဃာတော်များက လူအချင်းချင်းနှိပ်စက်ခြင်း ကင်းရှင်းကြပါစေ..။ တို့မေတ္တာစွမ်း ကမ္ဘာလွမ်း အေးချမ်းကြပါစေ..။ ဟု ဆုတောင်းမေတ္တာများ ပို့သခဲ့ကြပေမယ့် ထိုတစ်လအတွင်းတွင် လူအချင်းချင်းနှိပ်စက်ခြင်းများစွာ ဖြစ်ခဲ့ပါတယ်။ ထိုသို့ နှိပ်စက်ခြင်းများကြောင့် ကျဆုံးသွားခဲ့ကြသော ရဟန်းသံဃာ အရှင်သူမြတ်များနှင့် တကွ မိဘပြည်သူများ ကျောင်းသားကျောင်းသူများ အားလုံးအားလုံးကို ကျွန်တော် ဒီပို့စ်လေးကနေ ကောင်းရာသုဂတိလားကြပါစေ လို့ ဆိုတောင်းမေတ္တာပို့သပေးလိုက်ပါတယ်။

လူအချင်းချင်း နှိပ်စက်ခြင်း ကင်းရှင်းကြပါစေ။
တို့မေတ္တာစွမ်း ကမ္ဘာလွမ်း အေးချမ်းကြပါစေ။

အော်.. တက် ဆိုပါလား

မနေ့တုန်းက လိုင်းပေါ်တက်ရင်းနဲ့ ဘာလုပ်ရမှန်းမသိ စဉ်းစားနေတုန်း မဝေလေး ကိုတွေ့တာနဲ့ ဘာတွေလုပ်နေပါလိမ့် ဆိုပြီး စပ်စုမိလိုက်ပါရဲ့..။ သူက ပြောတယ်လေ.. လိုက် တက်နေတယ်တဲ့ ။ ဒီကလေးမ ဘယ်ပေါ်တွေများ လိုက်တက်နေတာပါလိမ့် ပေါ့။ မကြီးမငယ်နဲ့ (ကိုယ်ခံရတော့မယ်မှန်းလည်း မသိဘူးကိုး) ။ ပြုတ်ကျကုန်တော့မှာပဲဆိုပြီး စိတ်ပူမိတာ။ နောက်တော့မှ မဟုတ်ဘူးတဲ့ တက်တာ တက်တာ ဆိုလို့ သွားကြည့်မိပါတယ်။ ကဲဗျာ တက်ထားတာက ဒီအကြောင်းအရာတဲ့…………။