အတွေးပေါ်မှ အတွေးများ

အတွေးများဆီသို့..။



တွေးခဲ့ ပြီးသော

အတွေးများစွာ


   





trading forex Flash Counters

ဆောင်းဦးလွမ်းချင်း

ရောင်နီ ၀ိုးတ၀ါးမှာ
ပုဝါပါးပါး မြူနှင်းမှုန်တွေ ခြုံလွားစဉ်
အမေ့ လက်ဖ၀ါးကို ဆုပ်ကိုင်လို့
လမ်းများစွာ လျှောက်ခဲ့တုန်းက
ဒီဆောင်းဟာ မချမ်းပါဘူး အမေ…….။

မြောက်ပြန်လေစိမ်းတွေ
တစ်ခေါက်ပြန် ယိမ်းနေလေပြီ…..။

မြို့လေးနဲ့ အဝေး … ချယ်ရီနဲ့ ဝေး
အမေနဲ့လည်း ဝေး… တောင်ပြာတန်းတွေ ဝေး
အတွေးစိတ်ကူးတွေ ဝေဆာနေသေးချိန်
နေ့စဉ်ရက်ဆက် ဖုန်းခွက်လေးထဲမှာ
တစ်ချက် တစ်ချက်
အမေ့ ဆုံးမသံတွေ ကြားနေခဲ့ချိန်တုန်းက
ဒီဆောင်းဟာ မချမ်းပါဘူး အမေ…..။

မြောက်ပြန်လေစိမ်းတွေ
တစ်ခေါက်ပြန် ယိမ်းနေလေပြီ…..။

ဟိုးအဝေးမှာ
မီးအိမ်တစ်လုံးတော့ ငြိမ်းခဲ့ပြီ
စိတ်ဓါတ်တွေ ပြိုဆင်းလို့
အိမ်ယာလိပ်လည်း သိမ်းခဲ့ပြီ
လမ်းတွေ လမ်းတွေ ကြမ်းတမ်းလို့
အမောတွေ အရှုံးတွေနဲ့ ဖြတ်သန်းချိန်
ခုတော့
ဒီဆောင်းဟာ အရမ်းချမ်းတာပဲ အမေ….။

မြောက်ပြန်လေစိမ်းတွေ
တစ်ခေါက်ပြန် ယိမ်းနေလေပြီ …..
တစ်ခေါက်ပြန် ယိမ်းနေလေပြီ ………..။

အချစ်မဲ့ဂစ်တာ

အရှုံး

အပြုံး တစ်ပွင့်
နှစ်ပွင့် … သုံးပွင့်
…   အား  …
ပြို   ပျက်   လဲ   ကျ   မူး   ယစ်

…   အား  …
ပြို   ပျက်   လဲ   ကျ   မူး   ယစ်
စကား တစ်ခွန်း
နှစ်ခွန်း …. သုံးခွန်း

အကြည့် တစ်ချက်
နှစ်ချက် …. သုံးချက်
…   အား  …
ပြို   ပျက်   လဲ   ကျ   မူး   ယစ်

အနမ်း…..
…… x ……

ပြို   ပျက်   လဲ   ကျ   မူး   [...]

တန်ဖိုး

လင်းတလှည့် မှောင်တလှည့်
မီးရောင်စုံတွေ ကြားထဲမှာ
ကြိုးမပါတဲ့ မပေါ့်တပေါ်အကျီကို
မင်း ဆွဲ ဆွဲတင်နေတယ်….။

သိတစ်ချက် မသိတစ်ချက်
ယစ်မူးမှုတွေ ကြားထဲမှာ
မျက်ဝန်းတစ်စုံနဲ့ ဘေးလူတွေကို
မင်း ညှို့ ညှို့ယူနေတယ်…။

ပေါ်တလှည့် ပျောက်တလှည့်
လက်ခုပ်သံတွေ ကြားထဲမှာ
ရင်ထဲယစ်မှူးစေတဲ့ အသံချိုတွေနဲ့
မင်း ဖမ်း ဖမ်းစားနေတယ်…။

ဒီမယ် အမိရေ….
ငါးထောင်တန် တစ်ရွက်
ပြီး နောက်တစ်ရွက်
နောက်တစ်ရွက် …
မင်းရင်ဘတ်ထဲရောက်လာမှာကို
မင်းကျေနပ်နေမှာပါပဲ…..။

ဘ၀တွေ ဘ၀တွေ

တန်ဖိုး………………………။

စက္ကူ တစ်ရွက်စာ ……။

အချစ်မဲ့ဂစ်တာ

ခေတ်ကာလ

စားကောင်း နေ့တိုင်းစားချင်ပြီး
နေ့တိုင်း အလုပ်မလုပ်ချင်တဲ့ လူတွေ

ဝလာတဲ့ လူပါးတွေနဲ့
ပိန်လာတဲ့ စိတ်ဓါတ်ကောင်းတွေကြားမှာ

မြို့ပြဟာ
သွေးရူးသွေးတန်းဖြစ်နေတဲ့
ဝံပလွေ တစ်ကောင်…..။

အချစ်မဲ့ဂစ်တာ

ရောက်မိသော…

ဆံတော်ရှင်နဲ့ သိဂုင်္တ္တရကုန်းဆီ သွားတော့
ဟိုးတောင်ထိပ်စွန်း မြွေကြီးနှစ်ကောင်ဆီ ရောက်တယ်..။

ဂျပ်ဆင်ကြီး နဲ့ သစ်ပုပ်အိုဆီ သွားတော့
သစ္စာဆောင်ရှိ တိုင်ကြီး ခြောက်တိုင်ဆီ ရောက်တယ်…။

ခုံတန်းလျားနဲ့ အင်းယားရှေ့ဆီ သွားတော့
ငှက် သမှာန်စီး တံတားဟောင်းဆီ ရောက်တယ်…။

ကရ၀ိတ်နဲ့ ကန်တော်ကြီးဆီ သွားတော့
ကန်ရေလည်က ပြည်ကြီးမွန်ဆီ ရောက်တယ်..။

ခေတ်ဆန်လှတဲ့ ပုဇွန်တောင်သူဆီ သွားတော့
ရွှေခြေကျင်းဝတ် ချစ်ရသူဆီ ရောက်တယ်…။

အချစ်မဲ့ဂစ်တာ

ခွန်အား တစ်စုံ

ချစ်ခြင်းကို ဖျက်စီးဖို့
မိုးဖြိုချရင်တောင် ဖြစ်နိုင်ပါ့မလား….

မင်းရင်ထဲမှာ ငါ..
ငါ့ရင်ထဲမှာ မင်း…
ဘေးစကားတွေ ခ၀ါချ
ကြားစကားတွေ မီးပုံရှို့ ….

ချစ်သူ့အပြုံး
နှလုံးသားမှာ သိမ်းထုတ်ပြီး
ကမ္ဘာတစ်ခု ဖြစ်စေမယ်……..။

အချစ်မဲ့ ဂစ်တာ

ဧပရယ်

ရွာတော့မယ့် မိုး
ပွင့်တော့မယ့်ပန်း
ငိုတော့မယ့် ရှိုက်သံကြားမှာ
ရင်ခုန်သံ တစ်ချက်ကြားမိတယ်….

ပန်းအကြွေမှာ
အနမ်းဝေခဲ့တော့
အထီးကျန်တဲ့ အလွမ်းတွေကြားမှာ
ဆည်းလည်းခတ်သံ တစ်ချက်ကြားမိတယ်…

ဒီမိုးရွာတိုင်း ဒီပန်းတွေ ပွင့်ပေမယ့်
ဒီပန်းမြင်တိုင်း ဒီရင် ကပန်း
တစ်ပတ်နွမ်းပြန်တာပေါ့……….။

Page 1 of 41234»